She Leads in Myanmar – Inspiring Women Leaders

She Leads in Myanmar-Inspring Women Leaders

ရောင်ခြည်သစ်အဖွဲ့နှင့် ရွေးကောက်ပွဲစနစ်များဆိုင်ရာနိုင်ငံတစ်ကာဖောင်ဒေးရှင်း (IFES မြန်မာ) အဖွဲ့တို့ ပူးပေါင်းပြုစုရေးသားထားသော ”She Leads မြန်မာ-ဂုဏ်ယူဝင့်ကြွားအမျိုးသမီးခေါင်းဆောင်များ” စာအုပ်ကိုအောက်ပါလင့်ခ်များတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မြန်မာဘာသာဖြင့်ဖတ်ရှုရန်

https://drive.google.com/file/d/18NNbKvR9-tlipRbO5Ok5b0KXd8ykXpTh/view?usp=sharing

English version

https://drive.google.com/file/d/1ISEAUhGkk_2_yijScP5qyPE5pr-9a7zu/view?usp=sharing

၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် ERCBအဖွဲ့မှ မဲဆန္ဒရှင်ပညာပေးကမ်ပိန်းပြုလုပ်

၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် ERCBအဖွဲ့မှ မတ်လ ၁၈ ရက်၊ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် မဲဆန္ဒရှင်ပညာပေး ကမ်ပိန်းပြုလုပ်ခဲ့ရာ ERCB အဖွဲ့ဝင်များဖြစ်သောMILI ဖန်တီးအိမ်၊ ရောင်ခြည်သစ်၊ Horn Bill၊ MYNFREL၊ PJMတို့ ပါဝင်လျက် မဲဆန္ဒရှင် ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့်သက်ဆိုင်သော မဲဆန္ဒရှင်များသိစေရန်အကြောင်းအရာများ ရှင်းလင်းပြောပြခြင်း စသည်တို့ကိုအင်တိုက်အားတိုက်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား၊ ၂၀၁၉ခုနှစ်

ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ၂၀၁၉၊ မတ်လ၊ ၁၁ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotelတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌါနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့် ရောင်ခြည်သစ်၏ She Leads သင်တန်းသူများ စုပေါင်းပါဝင်လျက် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။
အခမ်းအနားသို့ ဒေါက်တာတင်တင်ဝင်း(ဥက္ကဌ) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ဦးခင်မောင်ဦး (ညွှန်ကြားရေးမှူးချုပ်)ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးအောင်ကျော်မိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) လူမှုဝန်ထမ်းဦးစီးဌါန၊ Paul Guerin (Country Director) IFES Myanmar တို့မှတက်ရောက်အမှာစကားပြောကြားပေးခဲ့ကြပါသည်။ ရောင်ခြည်သစ်အဖွဲ့၏ ဒါရိုက်တာဆရာမခင်လှမှလည်း ရောင်ခြည်သစ်၏ဆောင်ရွက်မှုများကိုရှင်းလင်း ပြောကြားခဲ့ပြီးနောက် သင်တန်းသူများမှ အတွေ့အကြုံများဝေမျှခြင်း၊ သရုပ်ဖော်ခြင်း၊ သီချင်းဆိုခြင်းနှင့် ပြဇာတ်တို့ပြုလုပ်ပြသခဲ့ပါသည်။
ညနေ မိတ်ဆုံစားပွဲကိုလည်းအားလုံးစုံစုံညီညီပြန်လည်တက်ရောက်ခဲ့ပြီး သင်တန်းသူများမှတိုင်းရင်းသားရိုးရာအကဖြင့်ဖျော်ဖြေကပြခဲ့ပါသည်။

ဒေါက်တာတင်တင်ဝင်း၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ
ဦးခင်မောင်ဦး (ညွှန်ကြားရေးမှူးချုပ်)ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ဦးအောင်ကျော်မိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) လူမှုဝန်ထမ်းဦးစီးဌါန
Paul Guerin (Country Director) IFES Myanmar
ဒေါ်ခင်လှ (ဒါရိုက်တာ)၊ ရောင်ခြည်သစ်

ရောင်ခြည်သစ်အဖွဲ့ရဲ့ ရခိုင်သင်တန်းသူများအား Small Grant ပေးတဲ့အစီအစဉ်အားဖြင့် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာမှ သင်တန်းသူ (၃) ဦးကဦးဆောင်ပြီး၊ ရွာရဲ့ရေကန်အတက်၊ အဆင်းလှေကားပြုလုပ်

ရောင်ခြည်သစ်အဖွဲ့ရဲ့ ရခိုင်သင်တန်းသူများအား Small Grant ပေးတဲ့အစီအစဉ်အားဖြင့် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာမှ သင်တန်းသူ (၃) ဦးကဦးဆောင်ပြီး၊ ရွာသူရွာသားများကလည်းအင်တိုက်အားတိုက် စုပေါင်းပါဝင်လျက် ရွာရဲ့ရေကန်အတက်၊ အဆင်းလှေကားပြုလုပ်ခြင်းကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နေကြပါတယ်။

အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုစီမံကိန်း၊ ရခိုင်ပြည်နယ်။”မော်ဂျူး-၁၊ ၂”သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသမီး (၂၉) အား ထပ်မံ၍ ကျား/မ ရေးရာ ခေါင်းဆောင်မှုသင်တန်း” မော်ဂျူး-၃”

အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုစီမံကိန်း၊ ရခိုင်ပြည်နယ်။
စစ်တွေ၊ ပေါက်တော၊မြောက်ဦး နှင့်ပုဏ္ဏားကျန်းမြို့နယ် တို့ရှိ ကျေးရွာ(၈) ရွာမှ “မော်ဂျူး-၁”သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသမီး (၂၉) အား ထပ်မံ၍ ကျား/မ ရေးရာ ခေါင်းဆောင်မှုသင်တန်း” မော်ဂျူး-၃” ကိုစစ်တွေမြို့၊ အာရီယန်ခန်းမတွင် (၁.၂.၂၀၁၉) မှ (၄.၂.၂၀၁၉) နေ့အထိပြုလုပ်ခဲ့သည်။

ကျား/မ ရေးရာခေါင်းဆောင်မှု သင်တန်း မော်ဂျူး(၃)အတွက်ဆွေးနွေး

ရောင်ခြည်သစ်အဖွဲ့မှရခိုင်ပြည်နယ်တွင် ပြုလုပ်နေသော (၁) နှင့် (၂)တွင် ပါဝင်တက်ရောက်ခဲ့သည့်မြို့နယ်(၄)ခုမှ သင်တန်းသူများနှင့် စစ်တွေမြို့၌(၁၆.၁၂.၂၀၁၈)ရက်နေ့က တွေ့ဆုံ၍ မော်ဂျူး(၃) သင်တန်းတွင် ထည့်သွင်းသင်ကြားသင့်သည့် အကြောင်းအရာတစ်ချို့အား ဆွေးနွေးခဲ့ကြပါသည်။