News

Lorem ipsum dolor sit amet, consectetuer adipiscing elit, sed diam nonummy nibh euismod tincidunt ut laoreet dolore magna aliquam erat volutpat. Ut wisi enim ad minim veniam,

Trainings
အမျိုးသမီးခေါင်းဆောင်များ ပိုများဖို့ တွဲလက်ညီညီ ရပ်ကြစို့ ကမ်ပိန်း တနင်္သာရီတိုင်းဒေသကြီးတွင် ပြုလုပ်

She Leads အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး မတင့်တင့်ဝင်းက ၂၉၊ သြဂုတ်၊ ၂၀၁၈ တွင် She Leads အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းမှ ရရှိခဲ့သော သင်ခန်းစာများကို တနင်္သာရီတိုင်းဒေသကြီး၊ သင်္ဃန်းအော်ကျေးရွာတွင် ပြန်လည်မျှဝေခြင်းနှင့် တွဲလက်ညီညီကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး စိတ်ပါဝင်စားသူ ဒေသခံ ၂၅ ဦး တက်ရောက်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။

More Info

Events
စတုတ္ထအကြိမ်မြောက် အာရှရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအသီးသီးမှပါဝင်ပတ်သက်သူများ ဖိုရမ် ကျင်းပ

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင်ကျင်းပသော စတုတ္ထအကြိမ်မြောက် အာရှရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဖိုရမ် ပထမနေ့ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှအဖွဲ့ဝင် ဦးစိုးရယ်၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ ရောင်ခြည်သစ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။ ရေရှည်တည်တံ့သည့် ဒီမိုကရေစီကို ထိန်းသိမ်းရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုကော်မတီနှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ဆက်သွယ်ဆောင်သွယ်မှုများကို သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena နှင့် လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ အာရှကွန်ရက်(Asia Network for Free Election)၏ ဥက္ကဋ္ဌဟောင်း Mr. Damaso G.Magbual.တို့က ပြောကြားခဲ့သည်။ ယင်းဖိုရမ်ကို ၂၇၊ သြဂုတ်၊ ၂၀၁၈ မှ၂၈၊ သြဂုတ်၊ ၂၀၁၈ထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် နှစ်ရက်တာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

More Info